SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ အရိယဝံသမြို့ဦး ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 18 July 2019 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊  အောင်မင်္ဂလာရပ်ကွက်၊  အရိယဝံသ မြို့ဦး ကျောင်းတိုက်ရှိ  သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၃၅၈ ပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၃၂ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊  သွေးတိုးရောဂါ၊  အရိုး/အကြော ရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု အားပေးပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကအား ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 65 times Last modified on Thursday, 18 July 2019 09:13