SJ WorldNews - шаблон joomla Авто

ရွှေကျင်မြို့ရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ထောက်ပံ့ ပစ္စည်းများ ကူညီ ရွှေ့ပြောင်းပေး

Tuesday, 13 August 2019 10:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး အတွင်း စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေ မြင့်တက်မှုတို့ ကြောင့် ရေဘေး အနရာယ်ကြုံတွေ့ ခဲ့ရသော ရေဘေးသင့်ပြည်သူများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ  နယ်မြေခံတပ်မတော်သား များက  ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ရွှေကျင်မြို့၊ မကျည်းတန်းရပ်ကွက်၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၇၃ စုမှ ရေဘေးသင့်ပြည်သူ ၄၁၁ ဦးကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ကုသရေးအဖွဲ့က ဖျားနာရောဂါ၊   သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊  ထိခိုက်ရှနာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး  ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ညောင်လေးပင်မြို့နယ်၊ မဒေါက် မြို့၊ မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်နှင့် ညောင်ပင်ပေါက်ကျေးရွာ၊ ရေပေါ် သောင်ကျေးရွာ၊ သောင်ကြီးကျေးရွာ၊ အင်းချောင်း ကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ချောင်းကျိုး ကျေးရွာနှင့်    ဂျောင်းတာ ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် အနယ်နယ် အရပ်ရပ်မှ  စေတနာရှင်အလှူရှင်များက မဒေါက်မြို့ရှိ ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ ဆက်သွယ်လှူဒါန်းပြီး အရန်မီးသတ်တပ်ဖွဲ့ရုံး၌ သိုလှောင်ထားသော ဆန် ၂၉၃ အိတ်၊ ဆီ ၁၆၂၆ ပိဿာ၊ ခေါက်ဆွဲခြောက် ၁၄၆၇၉ထုပ်နှင့် သောက်ရေသန့်ဘူး ၁၅၈၀၁ ဘူးများကို  ကူညီရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။        

Read 44 times Last modified on Tuesday, 13 August 2019 12:47