SJ WorldNews - шаблон joomla Авто

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 14 August 2019 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁၃

မကွေးတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည်  ယနေ့တွင်  မင်းဘူး ခရိုင်၊ စကုမြို့၊ ကန်ဦးရတနာသဘာဝတရားရိပ်သာ၌ အခြေပြု၍ လည်းကောင်း၊   နယ်လှည့် ဆေးကုသရေး အဖွဲ့သည် စကုမြို့နယ်၊ ခံကုန်း ကျေးရွာ၊   ခံကုန်းအရှေ့ကျောင်း၌လည်း ကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ စုစုပေါင်း ၁၂၅၀ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၈၄ ဦး၊ ခွဲစိတ်ရောဂါ ၉၉ဦး၊ ကလေးရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၀ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၉ ဦး၊ မျက်စိ ရောဂါ ၂၄၂ ဦး၊ သွားရောဂါ ၃၃ ဦးနှင့် အထွေထွေ ရောဂါ ၁၀၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက်မှ မျက်စိခွဲစိတ်လူနာ ခုနစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၁ ဦးတို့ကို ရွေ့လျားခွဲစိတ် ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၅၇ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၂၉ဦးနှင့် ဓာတ်ခွဲ စမ်းသပ် လူနာ ၈၀ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေး ပေးခြင်းများ ဆောင် ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Wednesday, 14 August 2019 08:43