SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

Tuesday, 20 August 2019 09:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၉

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင်    တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ပြိုင်ပွဲဝင် အသင်းများဖြစ်သည့်  တောင်ငူတပ်နယ်နှင့် ပဲခူးတပ်နယ် အသင်းတို့၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် လူသစ်တန်း၊ (က)တန်း၊ (ခ)တန်း၊ (ဂ)တန်းများခွဲကာ ဝိတ်တန်းကိုးမျိုးဖြင့် သြဂုတ် ၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။       

Read 65 times Last modified on Tuesday, 20 August 2019 10:35