SJ WorldNews - шаблон joomla Авто

ဟဲဟိုးမြို့၊ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 20 August 2019 09:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊  ဟဲဟိုးမြို့၊  အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ငါးဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦးနှင့် ဒေသခံတိုင်းရင်းသား,ပြည်သူ ၃ဝ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားပေးခြင်း၊ သွားနှင့် ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊   သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ခြောက်ဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 47 times Last modified on Tuesday, 20 August 2019 09:14