SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 23 August 2019 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၂၃၇ ဦးအား သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊   ကလေးရောဂါ၊ ရင်ကျပ် ရောဂါ၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်း၊ Ultrasound စက်ဖြင့်   ရောဂါရှာဖွေ စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါတို့နှင့်   ပတ်သက်၍ လိုအပ်သည့်   ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက် ပေးနေမှုများကို    တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူတစ်ဦး အား  မြိတ်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် မြိတ်တပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များက တပ်ပိုင်မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသောကြက်ဥများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

Read 37 times Last modified on Friday, 23 August 2019 08:20