SJ WorldNews - шаблон joomla Авто

လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 06 September 2019 11:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်၊ ပညစ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်တစ်ပါးနှင့် ဒေသခံပြည်သူ ၆၅ ဦးတို့ကို အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 17 times Last modified on Friday, 06 September 2019 11:18