SJ WorldNews - шаблон joomla Авто

ချောင်းသာမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 06 September 2019 11:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၄ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၂၅ ဦး၊ ကျောင်း သား၊ ကျောင်းသူ ၉၂၄ ဦးနှင့် ဒေသခံ ပြည်သူ ၄၈ဝ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်း နှင့် Ultrasound  စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများ အတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသား၊ကျောင်းသူများအတွက် တပ်မတော် စက်ရုံထုတ် ဘောလုံးများ ထောက်ပံ့ပေးခဲ့ကြောင်း    သတင်း ရရှိသည်။

Read 28 times Last modified on Friday, 06 September 2019 11:22