SJ WorldNews - шаблон joomla Авто

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အတန်းလိုက်ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

Saturday, 07 September 2019 11:17 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊  ကျောင်းသူများနှင့် အတန်းလိုက်ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း  ပညာရည်ချွန်ဆု ပေးပွဲအတွက် ထောက်ပံ့ငွေပေးအပ်သည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၂  ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ အတန်းလိုက်ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊  ဂုဏ်ထူး ရရှိအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ၂ဝ၁၉ ခုနှစ်၊ ပြည်နယ်စစ်အဋ္ဌမတန်းနှင့် စတုတ္ထတန်းနှစ်ဆုံးစာမေးပွဲတွင် ပြည်နယ်အဆင့်  A အများဆုံးရရှိအောင် သင်ကြား ပေးသော  ဆရာ၊ ဆရာမများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။                                             

(၁ဝဝ)

Read 10 times