SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

Saturday, 07 September 2019 11:20 font size decrease font size decrease font size increase font size increase font size

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား၊ အမျိုး သမီး)ဘော်လီဘောပြိုင်ပွဲ   ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်း များနှင့်အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။

 

ဦးစွာ တက်ရောက်လာကြသူများက အမျိုးသမီးဗိုလ်လုပွဲ  ပွဲစဉ်နှင့် အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ်များ၏ ယှဉ်ပြိုင်နေမှုများကို  ကြည့်ရှုအားပေးကြသည်။    ထို့နောက်  ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိသူများ၊ တစ်ဦးချင်းဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း၊ တံခွန် စိုက်ဒိုင်းဆုရရှိသောအသင်းအား တိုင်းမှူး ကလည်းကောင်း၊ ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၇ သင်း နှင့် အမျိုးသမီးအသင်း ၁၇  သင်းတို့မှ  အားကစားသမား ၂၈၉ ဦးတို့ဖြင့် သြဂုတ် ၂၈  ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။        

         (၁ဝဝ)

Read 8 times