SJ WorldNews - шаблон joomla Авто

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Saturday, 07 September 2019 11:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉  ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင်    ပုဗ္ဗသီရိတပ်နယ် အားကစားခန်းမ၌ပြုလုပ်ရာ    တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်း များနှင့်  ဒိုင်အဖွဲ့ဝင်များ   တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို    ပြိုင်ပွဲဝင် အသင်း ခြောက်သင်း၊ အားကစားသမား ၁၂ဝ ဦးတို့ဖြင့်  စက်တင်ဘာ ၁၃ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။                 

(၁ဝဝ)

Read 9 times