SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

Saturday, 07 September 2019 11:28 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ အတွင်း စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျ၍ မော်ချီးရွာ- လိုခါးကျေးရွာသွား ကားလမ်း လမ်းပိတ်ဆို့ မှုများဖြစ်ပေါ်ခဲ့သဖြင့် ခရီးသွားပြည်သူများ ခရီးသွားလာမှု နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီး  လူ၊ တိရစ္ဆာန်များ ထိခိုက် သေဆုံးမှုမရှိကြောင်း သိရှိရသည်။

အဆိုပါ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာ များသို့ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖားဆောင်း တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ လမ်းများချဲ့ထွင်ပေးခြင်း၊ မြေစာ များရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်း မွန်စေရန် ရေမြောင်းများဖောက်လုပ်ပေး ခြင်း စသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ရာ ခရီးသွားပြည်သူ များ အဆင်ပြေ ချောမွေ့စွာ ပြန်လည်သွား လာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 11 times