SJ WorldNews - шаблон joomla Авто

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

Saturday, 07 September 2019 11:29 font size decrease font size decrease font size increase font size increase font size

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊  တိုင်းမှူးဒိုင်း   မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း နှင့်အဖွဲ့ဝင်များ၊   အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမား များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လု ပွဲယှဉ်ပြိုင်ကစားမှုများနှင့် မြန်မာ့သိုင်း သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြ သည်။

ထို့နောက်  ဆုပေးပွဲကို  ဆက်လက်ပြုလုပ်ရာ   ပြိုင်ပွဲ အမျိုးအစားအလိုက်  ဆုရရှိကြသူများ၊ အကောင်းဆုံးဆုရရှိ ကြသူများနှင့်   ဓားအတိုက်၊  ဗန်တို အတိုက်၊ ပန်ကြပ်ဆီလပ်စွမ်းရည်ပြိုင်ပွဲများ တွင် တံခွန်စိုက်ဒိုင်းဆု ရရှိသောအသင်း တို့ကို   တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ကြသည်။

အဆိုပါမြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်   တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဖြင့်  သြဂုတ် ၂၈ ရက်မှ  ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း   သတင်းရရှိ သည်။

(၁ဝဝ)

Read 12 times