SJ WorldNews - шаблон joomla Авто

သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 07 September 2019 11:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး၊   တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်၊ အနော်ရထာရပ်ကွက်ရှိ ဘုရားကြီးကျောင်း ပရိယတ္တိစာသင်တိုက်မှ စာချစာသင်ဝါဆိုသံဃာတော်များ၊ သာသနာ့ အနွယ်ဝင်သီလရှင်များ၊ အဆိုပါရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ  ရေးအဖွဲ့က သံဃာတော် ၇၁ ပါး၊ သာသနာ့ အနွယ်ဝင် သီလရှင်လေးပါးနှင့်   ဒေသခံ ပြည်သူ  ၁၇၃ ဦးတို့အား မျက်စိရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ ဖျားနာ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေးစောင့်ရှောက်မှု

လုပ်ငန်းများဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက် ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဇနအားဖူးမြော်ကာ    လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အဆိုပါစာသင်တိုက် မှ သံဃာတော်များအတွက် ဆွမ်းဆန်တော်  ၂ဝ အိတ်၊ ဆီ ၁၅ ပိဿာ၊ ကြက်သွန် ၆ဝ ပိဿာနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 12 times