SJ WorldNews - шаблон joomla Авто

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေး

Saturday, 07 September 2019 11:31 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၆၄၅ ဦးအား  သွားနှင့်ခံတွင်းရောဂါ၊  ကလေးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင်    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ အမှတ်(၇) အခြေခံပညာ အထက်တန်း ကျောင်းမှ ပညာ ရေးဝန်ထမ်းများ၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်၊ ခရိုင်၊ စုပေါင်းရုံး ဝန်ထမ်းအိမ်ရာများ နှင့် ဒေသခံပြည်သူများသို့ ယနေ့နံနက်ပိုင်း တွင်     အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ စိုက်ပျိုးထွက်ရှိသည့် ပိုလျှံသော သန့်ရှင်း လတ်ဆတ် သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များရောင်းချပေးရာ စုစုပေါင်း ဝက်သား ၆ဝ ပိဿာ၊ ကြက်သား ၅ဝ ပိဿာ၊ ကြက်ဥ ၅ဝဝဝ လုံး၊ နွားနို့ ၂ဝ ပိဿာနှင့် ဟင်းသီးဟင်းရွက်များ အား ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးပြီး တပ်မတော် ထုတ် အင်္ကျီ၊ ပုဆိုး၊ ကျောင်းဝတ်စုံ၊ အစား အစာများနှင့်    မီးဖိုချောင်သုံးပစ္စည်းများ လည်း ရောင်းချပေးခဲ့ကြောင်း သတင်းရရှိ

သည်။                              

(၁ဝဝ)

Read 13 times