SJ WorldNews - шаблон joomla Авто

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Saturday, 07 September 2019 11:33 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉  ခုနှစ်၊   (၅၉)ကြိမ်မြောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ    ရက်   နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ  လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်အားကစား ကွင်း၌ပြုလုပ်ရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တပ်မတော် ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြပြီး  ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက်  ဆုပေးပွဲကို  ဆက်လက် ပြုလုပ်ရာ   ဆုရရှိသော အားကစားသမား များအား တာဝန်ရှိသူများက လည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆု ရရှိသော နမ့်စန်လေတပ် စခန်းဌာနချုပ်အသင်းအား   ကာကွယ်ရေး ဦးစီးချုပ်(လေ)ကိုယ်စား    လေကြောင်း အတတ်သင်  လေတပ် စခန်း ဌာနချုပ်၊ လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင် က လည်းကောင်း ဆုများ အသီးသီးပေးအပ် ကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် စက်တင်ဘာ ၂ ရက် မှ ၅ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။       

(၁ဝဝ)

Read 15 times