SJ WorldNews - шаблон joomla Авто

ပြည်မြို့နယ်၊ ဆီဆုံကုန်း ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Monday, 09 September 2019 08:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စက်တင် ဘာ ၇ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မဟာဗောဓိဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၂၉ ဦးတို့ကို  ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊   အရိုး/ အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ  ခြောက်ဦးကို ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင် ဒေသခံပြည်သူများအား တပ်မတော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသားငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်သက် သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 15 times Last modified on Monday, 09 September 2019 08:30