SJ WorldNews - шаблон joomla Авто

ကသာမြို့နယ်၊ ဟဲနားကျေးရွာနှင့် ဓမ္မဂါဝရ ဘုန်းတော်ကြီးကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 09 September 2019 10:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဟဲနားကျေးရွာရှိဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမ ရှစ်ဦး၊ ကျောင်း သား၊ ကျောင်းသူ ၂၅၇ ဦးနှင့် ဒေသခံ ပြည်သူ ၅ဝ ဦးတို့ကို  အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊   ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊   အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ကသာမြို့နယ်၊ ပေါမမြိုင် ကျေးရွာ၊ ဓမ္မဂါဝရ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်ရှစ်ပါး၊ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းနှင့် သင်ရိုးသစ် မွမ်းမံသင်တန်းမှ သင်တန်းသား၊ သင်တန်း သူ ၈ဝ ဦးနှင့် ဒေသခံပြည်သူ ၈ဝ ဦးတို့ကို လည်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  မျက်စိရောဂါ၊   နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊  အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။

Read 20 times Last modified on Monday, 09 September 2019 10:51