SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများသို့ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များနှင့် နွားနို့များအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

Monday, 09 September 2019 10:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံပြည်သူများ   စားသောက်ရေး အဆင်ပြေပြီး ငွေကြေးသက်သာမှု ရှိစေရန်နှင့် ဒေသတွင်း စားသောက်ကုန် ဈေးနှုန်းတည်ငြိမ်မှုရှိရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များမှ ထွက်ရှိသည့် အသား၊ ငါး၊ အသီး အရွက်၊ ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံနှင့် ပုသိမ်တပ်နယ်ရှိ တပ်မတော်သား မိသားစုများ၏   တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးခြံများမှ ထွက်ရှိသည့် ကြက်သား ၄၅ ပိဿာ၊ ကြက်ဥ ၉၇၂ဝ လုံး၊ ဘဲဥ ၃၇၄ဝ လုံး၊ နွားနို့ ၂၉ ပိဿာနှင့် ဟင်းသီး ဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို တက္ကသိုလ် နှင့် အထက်တန်းကျောင်းများမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 12 times Last modified on Monday, 09 September 2019 10:52