SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ရွာသားသုံးဦး ထိခိုက် ဒဏ်ရာရရှိ

Monday, 09 September 2019 10:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာနေ ဟူစင်ချော်ရိ၊ ဆွေဒူလာမိန်နှင့်    မာမောက်ရော်ဖီးတို့ သုံးဦးသည် စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီခန့်တွင် ရွှေတမာကျေးရွာနှင့် အောင်ဒိုင်ကျေးရွာ အကြားရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံးအား ဟူစင်ချော်ရိမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတို့သုံးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာများအား မြောင်းဘွေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။

Read 21 times Last modified on Monday, 09 September 2019 10:56