SJ WorldNews - шаблон joomla Авто

အကြိမ်(၄ဝ)မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင် ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

Tuesday, 10 September 2019 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

အကြိမ်(၄ဝ)မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး စစ်တုရင် ပထမကစားကွက်ကို စတင်ရွှေ့ပေးကာ   ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂ဝ သင်းဖြင့် စက်တင်ဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 15 times Last modified on Tuesday, 10 September 2019 09:20