SJ WorldNews - шаблон joomla Авто

နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 10 September 2019 11:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမ ၁၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၉၃ ဦးတို့ကို အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊  ရာသီတုပ်ကွေး ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                        

Read 15 times Last modified on Tuesday, 10 September 2019 11:06