SJ WorldNews - шаблон joomla Авто

ရေပြန်လည် ကျဆင်းသွားသည့် တနင်္သာရီမြို့နယ်၊ ချောင်းကြီး ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

Tuesday, 10 September 2019 11:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်၏ မြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၇ ပေအထက်သို့ ကျော်လွန်မြင့်တက်လာကာ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ် ရပ်ကွက်တို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ  ရေပြန်လည် ကျဆင်း သွားခဲ့သဖြင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ချောင်းကြီးရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း၌ ရေပြန်လည် ကျဆင်းပြီး တင်ကျန်နေသော ရွှံ့ညွန်များ ဖယ်ရှား ရှင်းလင်းပေးခြင်း၊အမှိုက်များ ရှင်းလင်းပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့်   လိုအပ်သည့် သန့်ရှင်းရေး လုပ်ငန်းများ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 11 times Last modified on Tuesday, 10 September 2019 11:09