SJ WorldNews - шаблон joomla Авто

TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Tuesday, 10 September 2019 11:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့ မြို့နယ်ခွဲ၊ ဟင်းကြိုင်းကျေးရွာနေ ဦးကျော်ခိုင်သည် စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ဆန်စီကျေးရွာနှင့် ဟင်းကြိုင်းကျေးရွာသွား ကားလမ်း၏မြောက်ဘက် တောင်ယာခင်း တစ်ဝိုက်သို့ ကျွဲကျောင်းရန် သွားရောက်စဉ် မွန်းလွဲ ၂ နာရီခန့်တွင် ဟင်းကြိုင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ၂ဝဝဝ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။

Read 16 times Last modified on Tuesday, 10 September 2019 11:11