SJ WorldNews - шаблон joomla Авто

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

Wednesday, 11 September 2019 09:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ   ၁ဝ

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ် များဖြစ်သည့် အမျိုးသား၊ အမျိုးသမီး မီတာ ၄ဝဝ အပြေးပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား ၁ဝ ကီလိုလမ်းလျှောက် ပြိုင်ပွဲနှင့် အမျိုးသမီး ၅ ကီလိုလမ်းလျှောက် ပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ  ပြိုင်ပွဲဝင်အသင်း ကိုးသင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်း

ရရှိသည်။ 

Read 11 times Last modified on Wednesday, 11 September 2019 09:01