SJ WorldNews - шаблон joomla Авто

အေးသာယာမြို့ရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစေ့ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 September 2019 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာ ယာမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ သံဃာတော် များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိ နောင်အင်ပရိယတ္တိ စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃ဝ ပါး၊ ကျောင်း သား၊ ကျောင်းသူ ၁၅ဝ ဦးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၈၄ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 12 times Last modified on Wednesday, 11 September 2019 09:02