SJ WorldNews - шаблон joomla Авто

ဟားခါးမြို့နယ်၊ ဖာရွန်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 09 October 2019 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဖာရွန်းကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် အနောက် မြောက် တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၃၃ ဦးတို့ကို သွေးတိုးရောဂါ၊ အစာအိမ် ရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Wednesday, 09 October 2019 09:21