SJ WorldNews - шаблон joomla Авто

ပျဉ်းမနားမြို့နယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

Wednesday, 09 October 2019 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ ခန်းမ၌ပြုလုပ်ရာ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယက နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ပျဉ်းမနားမြို့နယ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နာယက က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အသက် ၇၅ နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့်  ၂၀၁၈-၂၀၁၉   ပညာသင်နှစ် တကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ငွေများပေးအပ်ကြသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ်၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအတွက် အလှူရှင်တစ်ဦးက အလှူငွေများပေးအပ် လှူဒါန်းရာ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 16 times Last modified on Wednesday, 09 October 2019 09:24