SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

Wednesday, 09 October 2019 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာနေ ခင်မောင်ဝင်း (ဘ) ဦးမောင်ခင်သိန်းသည် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဇနီးဖြစ်သူ မရွှေခင်ကြည်နှင့်အတူ ထင်းခွေရန်အတွက် နေအိမ်မှထွက်ခွာခဲ့ရာ  အင်ကြင်းတောင်ခြေတောစပ်သို့ အရောက်၌  AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မရွှေခင်ကြည်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား အမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။                 

Read 14 times Last modified on Wednesday, 09 October 2019 09:26