SJ WorldNews - шаблон joomla Авто

TNLAအကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲသဖြင့် ဒေသခံပြည်သူများ သေဆုံး/ဒဏ်ရာ ရရှိ

Wednesday, 09 October 2019 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့ မြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တောင်ပို့လိုကျေးရွာနေ ဦးစံအေး (ဘ) ဦးအာစိန္ဒနှင့် ဦးစိုင်းပန်းစံ (ဘ)ဦးစုစိန္ဒတို့  နှစ်ဦးသည် ယနေ့နံနက် ၁ဝ နာရီခန့်တွင် လက်ဖက်ခြံသို့ မြက်ရှင်းရန် သွားရောက်စဉ် ကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား ဦးစံအေးမှ တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး ဦးစိုင်းပန်းစံတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိလူနာအား  ကျောက်မဲ မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း   သတင်း ရရှိသည်။

Read 15 times Last modified on Wednesday, 09 October 2019 09:29