SJ WorldNews - шаблон joomla Авто

မတူပီမြို့နယ်၊ ငလား ရပ်ကွက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 10 October 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ 

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလားရပ်ကွက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို  ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၉ ဦးနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ ၉၂ ဦးတို့အား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အစာအိမ် ရောဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး နယ်မြေခံ တပ်မတော် သားများက ဒေသခံ တိုင်းရင်းသား ပြည်သူများအား တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ကြက်သား၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီး ဟင်းရွက်များကို ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့်  ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 5 times Last modified on Thursday, 10 October 2019 08:34