SJ WorldNews - шаблон joomla Авто

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း သံဖြူဇရပ်မြို့နယ်ရှိ နယ်မြေခံတပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း၌ သင်တန်းတက်ရောက်နေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အမှာစကားပြောကြား

Thursday, 10 October 2019 08:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၉

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌  မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်း တက်ရောက်နေသော တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ်ပိုင်းတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့က ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ   အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တာဝန်ရှိသူများ၊    အရာရှိ၊ စစ်သည်များနှင့်   သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Thursday, 10 October 2019 08:39