SJ WorldNews - шаблон joomla Авто

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပရိတ်ကြီး(၁၁)သုတ် ရွတ်ဆို ပူဇော်ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

Thursday, 10 October 2019 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ ပရိတ်ကြီး(၁၁)သုတ် ရွတ်ဆိုပူဇော် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ မြို့ဦးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တဣန္ဒက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊  စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြို့ဦးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားတော်မူသော ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များထံသို့ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ် အသင်း ၁၂ သင်းဖြင့် အောက်တိုဘာ ၁၃ ရက်အထိ ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။       

Read 20 times Last modified on Thursday, 10 October 2019 09:09