SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်၊ တုံးဗျောကြီး ကျေးရွာရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 10 October 2019 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ  ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က  ဆရာ၊  ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၈ ဦးတို့အား ဖျားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဆီးချို၊သွေးချို စစ်ဆေးပေးခြင်း၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။          

Read 27 times Last modified on Thursday, 10 October 2019 09:22