SJ WorldNews - шаблон joomla Авто

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်

Tuesday, 22 October 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၁

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ် ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့်   စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာတိုင်းမှူး  ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘ များတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့်  စာရေးကိရိယာများ အသီးသီးပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်များတွင်လည်း တပ်မတော်သားမိသားစုဝင်    ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးက ငွေကျပ် သိန်း ၄ဝဝ ကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့်   စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း   သတင်းရရှိသည်။

Read 19 times Last modified on Tuesday, 22 October 2019 08:33