SJ WorldNews - шаблон joomla Авто

ခင်ဦးမြို့နယ်၊ ဥစ္စာတွင်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 22 October 2019 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ဥစာတွင်းကျေးရွာရှိ  ဒေသခံပြည်သူများနှင့်  ကျောင်းသား၊  ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၃၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြော ရောဂါ၊ အရေပြားရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု  လုပ်ငန်းများဆောင် ရွက်ပေး သည်။

ထို့ပြင် နယ်မြေခံ တပ်မတော်သားများက အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအခြေခံပညာမူလ တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာမှုရှိစေရေး အတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                 

Read 22 times Last modified on Tuesday, 22 October 2019 09:01