Print this page

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား (၂၈ )ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲပြု လုပ်

Tuesday, 22 October 2019 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    အောက်တိုဘာ  ၂၁

၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား  (၂၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အား ကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အရာရှိ၊  စစ်သည်၊ မိသားစုများ၊ အားကစားသမားများ၊ နည်းပြများ၊ အသင်း အုပ်ချုပ် သူများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်များဖြစ် သည့် (ဂ)အဆင့် ““ပင်း”” ၀ိတ်တန်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း၊ (ခ) အဆင့် ““ပင်း””၀ိတ်တန်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် အသင်းနှင့်  အနောက် မြောက်တိုင်းစစ်ဌာနချုပ်အသင်း၊ (က)အဆင့် ““ပင်း”” ၀ိတ်တန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်အသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့၏ ယှဉ်ပြိုင်ကစား မှုများကို ကြည့်ရှု အားပေး ကြသည်။

အဆိုပါ တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒို ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် အောက်တိုဘာ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။           

Read 67 times Last modified on Tuesday, 22 October 2019 09:15