SJ WorldNews - шаблон joomla Авто

သန်လျင်မြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Tuesday, 22 October 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်၊ ဒေးဇတ်ကျေးရွာအုပ်စု၊ ဥယျာဉ် ကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဥယျာဉ်ကျောင်းတိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်ခြောက်ပါး၊ ဆရာ၊ ဆရာမလေးဦး၊ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးနှင့် ဒေသခံပြည်သူ ၁၇၄ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊  နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေ ထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အဆိုပါ ကျောင်းတိုက် အတွင်း/ အပြင် သန့်ရှင်းသာယာ မှုရှိစေရေး အတွက် သန်လျင် တပ်နယ်မှ တပ်မတော် သားများက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို    ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။     

Read 29 times Last modified on Tuesday, 22 October 2019 09:23