SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Tuesday, 22 October 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   အောက်တိုဘာ   ၂၁

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်တပ်နယ်၊ နယ်မြေတပ်ရင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား မိုးပျံပူဖောင်းများ ကို  ပစတိုဖြင့် ပစ်ဖောက်၍  ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက် လာကြသူ များနှင့်အတူ ရိုင်ဖယ်ပွဲစဉ်(အမျိုးသား) ထိလဲပစ်ခတ်စဉ်   သရုပ်ပြ ပစ်ခတ်မှု နှင့် အမျိုးသား၊ အမျိုးသမီး ပစတို ထိလဲပစ်ခတ်စဉ် သရုပ်ပြ ပစ်ခတ်မှုများကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၆သင်း၊ အမျိုးသမီးအသင်း ၁၆ သင်းတို့ဖြင့် ပစတို၊ ကာဘိုင်၊ စက်သေနတ်နှင့် ရိုင်ဖယ်ပစ်ခတ်စဉ်၊ တပ်စိတ်မောပန်းပြိုင်ပွဲ စသည့် ပစ်ခတ်စဉ် ၁၃ မျိုးအား အောက်တိုဘာ ၂၉ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 22 times Last modified on Tuesday, 22 October 2019 09:24