SJ WorldNews - шаблон joomla Авто

ကလောမြို့နယ်၊ ဘော်နင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Tuesday, 22 October 2019 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော မြို့နယ်၊ ဘော်နင်းကျေးရွာနှင့် ပတ်ဝန်းကျငကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည် သူများနှင့် ကျေးရွာအခြေခံ ပညာအလယ် တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၇၅ဦးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၀၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ ၀မ်းပျက် ၀မ်းလျှောရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၀ ဦးကို   အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့များက အောက်တိုဘာ ၂၀ရက်တွင် တောင်ကြီးမြို့နယ်၊ နောင်ပယ် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၂၂၀ဦးကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Tuesday, 22 October 2019 09:28