SJ WorldNews - шаблон joomla Авто

မြောက်ဦးမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်း သူများ က နှောင့်ယှက်တိုက်ခိုက်

Tuesday, 22 October 2019 10:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင်  လက္ကာ ကျေးရွာအနီးသို့အရောက်၌ ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းရေးကို အနှောင့် အယှက် ပြုလုပ်လျက်ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက   နေရာ သုံးနေရာမှ လက်နက်ကြီး၊  လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် သောင်းကျန်းသူများ    မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား

ခဲ့သည်။

ဖြစ်စဉ်တွင် ဗဗ အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့မှ အားကစား အင်္ကျီ၊ ဘောင်းဘီများဝတ်ဆင်ထားသည့်  အလောင်း ကိုးလောင်း၊ အမ်(၂၂)သေနတ်ခြောက်လက်၊ ၎င်းင်းကျည် ၅၂၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံးခုနစ်လုံး၊ အီနာဂါဗုံးသီး တစ်လုံးနှင့် ဆက်စပ်ပစ်္စည်းများသိမ်းပိုက် ရရှိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အကြမ်းဖက်သောင်းကျန်းသူ

အဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအား   ကာကွယ်တားဆီးရေးတို့ အတွက်  ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းများ     ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 40 times Last modified on Tuesday, 22 October 2019 10:01