SJ WorldNews - шаблон joomla Авто

တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Wednesday, 23 October 2019 08:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၂

တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏   ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအား မိုးပျံပူဖောင်းများကို ပစ္စတိုဖြင့် ပစ်ဖောက်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ အမျိုးသား ပစ္စတိုထိလဲပစ်ခတ်စဉ်၊ အမျိုးသမီး ပစ္စတိုထိလဲပစ်ခတ်စဉ်များနှင့်   ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှုအားပေးပြီး သရုပ်ပြပစ်ခတ်စဉ် အဖွဲ့များအား ချီးမြှင့်ငွေ ပေးအပ်သည်။

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို   တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ  ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းဖြင့် အောက်တိုဘာ ၂၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။   

 (၁ဝဝ)

Read 21 times Last modified on Wednesday, 23 October 2019 08:32