SJ WorldNews - шаблон joomla Авто

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Wednesday, 23 October 2019 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၂

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ ၂၁ ရက်ညနေပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ ပထမနေ့ပွဲစဉ် ဖြစ်သည့် အမျိုးသား၊ အမျိုးသမီး မီတာ ၁ဝဝ ပြေးပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ  ယှဉ်ပြိုင်ကစားမှုများကို  ကြည့်ရှု အားပေးကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီးအသင်း ၁ဝ သင်းစီဖြင့် အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။  

Read 21 times Last modified on Wednesday, 23 October 2019 08:40