SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 23 October 2019 08:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၁ဝ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊နှလုံးခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် Ultrasound စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးလိပ်၊ကွမ်း၊ အရက်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 20 times Last modified on Wednesday, 23 October 2019 08:41