SJ WorldNews - шаблон joomla Авто

ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Wednesday, 23 October 2019 08:45 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပရဟိတရုံး၌ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၇၂ဦးနှင့်  ဒေသခံပြည်သူ ၁၄၃ ဦးတို့ကို မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊  နား/နှာခေါင်း/လည်ချောင်းရောဂါ၊  ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ပညာရေးကောလိပ်အလယ်တန်းကျောင်းတို့မှ ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အောက်တိုဘာ ၂၁ ရက်တွင် နယ်မြေခံတပ်မတော်သားများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဝက်သား ၃ဝ ပိဿာ၊ ကြက်သား၃ဝ ပိဿာ၊ ကြက်ဥ ၂ဝဝဝ လုံးနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 21 times Last modified on Wednesday, 23 October 2019 08:46