SJ WorldNews - шаблон joomla Авто

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Wednesday, 23 October 2019 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၂၂

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျ ခန်းမ၌ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ် ဖြစ်သည့်   ၆ဝ ကီလို(ခ)အဆင့်ပြိုင်ပွဲ၌ လွိုင်လင်တပ်နယ်အသင်းနှင့် မိုင်းပန်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့်  အောက်တိုဘာ ၂၁ ရက်မှ ၂၈ ရက်အထိ   ပြုလုပ်သွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။

Read 27 times Last modified on Wednesday, 23 October 2019 08:46