SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ နဂါးမောက်ကျေးရွာ၊ ကဝမြို့နယ်၊ ခမွန်ရွာမ ကျေးရွာနှင့် ဇွဲတွန်ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 08 November 2019 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နဂါးမောက်ကျေးရွာ၊ ကဝမြို့နယ် ခမွန်ရွာမကျေးရွာနှင့် ဇွဲတွန်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ စုစုပေါင်း ၃၆၇ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်မှ တာဝန်ရှိသူများက သစ္စာဝါဒီကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအား သွားရောက်ဖူးမြော်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 32 times Last modified on Friday, 08 November 2019 08:23