SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီ နှစ်ပတ်လည် အစည်းအဝေး (၂၀၁၉) ကျင်းပ

Friday, 08 November 2019 09:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၁၉)ပထမနေ့ကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက်္ခိဏ သီရိမြို့နယ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ် ရာ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း  အဖွဲ့ ဗဟိုကောင်စီဥက  ဗိုလ်ချုပ်မြ၀င်း (အငြိမ်းစား)၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥကဋ္ဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား)က အဖွင့်အမှာစကား ပြောကြား ပြီးနောက် (၂၀၁၈-၂၀၁၉) ခုနှစ် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာအား ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်နယ်၊ တိုင်းဒေသကြီး  စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဗဟိုကောင်စီဝင်များက စစ်ဆေးရေးလုပ်ငန်း ကဏ္ဍ၊  စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းကဏ္ဍ၊ စီးပွားရေး လုပ်ငန်းကဏ္ဍ၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီးနောကဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးက ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍   ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာအား  အတည်ပြုကြပြီးနောက် ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်  ရသုံးမှန်းခြေ ငွေစာရင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ပြီးနောက် လစ်လပ် သွားသော  ကောင်စီဝင်တာဝန်နေရာများကိုတင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီဝင် ငါးဦး လျာထားချက်ကို တင်ပြအတည်ပြုခြင်း နှင့် ပြည်နယ်၊ တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ အသီး သီးမှာ အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်သည်။

ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီ ညီလာခံ အစည်းအဝေး(၂၀၁၉) ပထမနေ့ကို ညနေ ၄ နာရီခွဲတွင်  ရုပ်သိမ်းလိုက်ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယနေ့အစည်းအဝေးအား ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။                         

Read 46 times Last modified on Friday, 08 November 2019 09:08