SJ WorldNews - шаблон joomla Авто

တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာပြုလုပ်

Saturday, 09 November 2019 11:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်၏ (၂၄)ကြိမ်မြောက် စုပေါင်း မဟာဘုံ ကထိန်အလှူတော် မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ညောင်ညိုတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသု မာရအမှူးပြုသော သံဃာတော်များကြွ ရောက်တော်မူကြပြီး တိုင်းမှူးဗိုလ်ချုပ် ခင်လှိုင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ညောင်ညိုတောရ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် သာသနာ့ဝေပုလ္လ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက  ဘဒ္ဒန္တဝိ ဇယျထံမှအနုမောဒနာ တရားနာယူ၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၂၂၃ သိန်းကျော် တန်ဖိုးရှိ ကထိန်လျာ ဉတ်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပါဝင်သော ပဒေသာပင် ၄ဝ ခုကို နိုဝင်ဘာ ၇ ရက်တွင် တိုင်းစစ် ဌာနချုပ်မှ ကျိုင်းတုံမြို့အတွင်းသို့ လှည့်လည်၍ ယနေ့တွင် သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 (၁ဝဝ)

Read 25 times Last modified on Saturday, 09 November 2019 11:09