SJ WorldNews - шаблон joomla Авто

အမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုသီချင်းဆို ပြိုင်ပွဲအတွက် အလှူငွေပေးအပ်

Saturday, 09 November 2019 11:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်မှကြီးမှူး၍ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် တွင်ကျရောက်မည့် အမျိုးသားနေ့ အထိမ်းအမှတ် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက် စေရေး ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲ နှင့် စင်တင်တေးဂီတ ဖျော်ဖြေပွဲကျင်းပ နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ စုပေါင်းလှူဒါန်းသော အလှူငွေပေး အပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ပြုလုပ်ရာ ရန်ကုန် တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပ ရေးနှင့် ဖျော်ဖြေရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက အလှူငွေပေး အပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း  ပြောကြားသည်။ ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှစုပေါင်း လှူဒါန်းသော အလှူငွေကျပ်သိန်း ၅ဝ အား ပေးအပ်ရာ ပြိုင်ပွဲကျင်းပရေးနှင့် ဖျော်ဖြေ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။ 

(၁ဝဝ)

Read 35 times Last modified on Saturday, 09 November 2019 11:32